ချစ်ခင်လေးစားအပ်ပါသောမိဘပြည်သူညီအစ်ကိုမောင်နှမများခင်ဗျား - SKY NET ရုပ်သံလိုင်းမှ ယခုထုတ်လွှင့်ပြသနေသောရုပ်သံလိုင်းများကိုပိုမိုကောင်းမွန်သောရုပ်သံအရည်အသွေးဖြင့် ထုတ်လွှင့်ပြသနိုင်ရန်နှင့်တိုးချဲ့ထုတ်လွှင့်မည့် CCTV-4, CCTV-9, KBS-World, NGC-Music, Zing, CNAI, DWTV, NHK-World, NHK-Premium, Goal-1, Goal-2, Baby TV စသည့်ရုပ်သံလိုင်းများအပြင် HD လိုင်းများကို Apstar-7 ဂြိုလ်တုသို့တိုးချဲ့ထုတ်လွှင့်မည်ဖြစ်ပါသည်။ တိုးချဲ့ထုတ်လွှင့်သောလိုင်းများကို ဖမ်းယူရရှိနိုင်ရန်လက်ရှိအသုံးပြုနေသော LNB ကိုလဲလှယ်ရမည်ဖြစ်ပါသည်။ SKY NET ဝယ်ယူအားပေးကြည့်ရှုနေသော မိဘပြည်သူများအနေဖြင့်လက်ရှိဖမ်းယူကြည့်ရှုနေသော Thaicom ဂြိုလ်တုများမှ Apstar-7 ဂြိုလ်တုသို့ပြောင်းလဲဖမ်းယူကြည့်ရှုနိုင်ရန်အတွက် ဖော်ပြပါအတိုင်းလုပ်ဆောင်ရမည်ဖြစ်ပါသည်။ Thaicom-4 ဂြိုလ်တုအသုံးပြုသူမိဘပြည်သူများအနေဖြင့် အဆိုပါဂြိုလ်တုတည်နေရာဖြစ်သော အရှေ့တောင်အရပ်သံလိုက်အိမ်မြှောင်အညွှန်း ၁၂၃ဒီဂရီမှ Apstar-7 ဂြိုလ်တုတည်နေရာဖြစ်သော အနောက်တောင်အရပ်သံလိုက်အိမ်မြှောင်အညွှန်း ၂၃၁ဒီဂရီသို့ပြောင်းလဲဖမ်းယူရမည်ဖြစ်ပြီး အထက်အောက်တည်နေရာ ၅၆.၇ဒီဂရီမှ ၆ဝဒီဂရီ အောက်မှအထက်သို့(၃.၃)ဒီဂရီမြှင့်တင်ပေးရမည်ဖြစ်ပါသည်။ Thaicom-5 ဂြိုလ်တုအသုံးပြုသူ မိဘပြည်သူများအနေဖြင့်အဆိုပါဂြိုလ်တုတည်နေရာဖြစ်သော အနောက်တောင်အရပ်သံလိုက်အိမ်မြှောင်အညွှန်း ၂၂၇.၈ဒီဂရီမှ Apstar-7 ဂြိုလ်တုတည်နေရာဖြစ်သော အနောက်တောင်အရပ်သံလိုက်အိမ်မြှောင်အညွှန်း ၂၃၁ဒီဂရီသို့ပြောင်းလဲဖမ်းယူရမည်ဖြစ်ပြီး အထက်အောက်တည်နေရာ ၆၁.၇ဒီဂရီမှ ၆ဝဒီဂရီင်္ အထက်မှအောက်သို့ ၁.၇ဒီဂရီ နှိမ့်ချပေးရမည်ဖြစ်ပါသည်။အခက်အခဲတစုံတရာရှိပါကသက်ဆိုင်ရာ RSP များသို့လည်းကောင်း SKY NET ရုံးချုပ်သို့လည်းကောင်းဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။အောက်ဖော်ပြပါဖုန်းနံပါတ်များဖြစ်သော 01-9010220,9010221,9010222,9010223 သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါကြောင်း အသိပေးတင်ပြအပ်ပါသည်။ မိဘပြည်သူညီအစ်ကိုမောင်နှမများအနေဖြင့် လဲလှယ်တပ်ဆင်ရမည့် LNB တစ်လုံးလျှင် ၃ဝဝဝကျပ်နှုန်းဖြင့်နီးစပ်ရာ RSP များထံမှဝယ်ယူနိုင်ပါသည်။တပ်ဆင်ခကို Thaicom-4 မှ Apstar-7 သို့ပြောင်းလဲခြင်းအတွက် ၇ဝဝဝကျပ်နှုန်း Thaicom-5 မှ Apstar-7 သို့ပြောင်းလဲခြင်းအတွက် ၅ဝဝဝကျပ်နှုန်းသတ်မှတ်ထားပါသည်။အဆိုပါတပ်ဆင်ခတွင် ခရီးစရိတ်၊ကြိုးနှင့်အခြားပစ္စည်းလိုအပ်ချက်များသည် တပ်ဆင်သည့်နေရာပေါ်တွင်မူတည်၍ ကုန်ကျစရိတ်မတူညီနိုင်ပါ။အသေးစိတ်သိရှိလိုပါက သက်ဆိုင်ရာမြို့နယ် RSP များထံသို့ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း ရိုသေလေးစားစွာအစီရင်ခံအပ်ပါသည်။
No posts.
No posts.

ချစ်ခင်လေးစားအပ်ပါသောမိဘပြည်သူညီအစ်ကိုမောင်နှမများခင်ဗျား- SKYNET ရုပ်သံလိုင်းမှယခုထုတ်လွှင့်ပြသနေသောရုပ်သံလိုင်းများကိုပိုမိုကောင်းမွန်သောရုပ်သံအရည်အသွေးဖြင့်ထုတ်လွှင့်ပြသနိုင်ရန်နှင့်တိုးချဲ့ထုတ်လွှင့်မည့်CCTV-4,CCTV-9, KBS-PREMIUM,GOLD-1,GOLD-2,BABY-TV စသည့်ရုပ်သံလိုင်းများအပြင် HD လိုင်းများကို APSTAR-7 ဂြိုလ်တုသို့တိုးချဲ့ထုတ်လွှင့်မည်ဖြစ်ပါသည်။



ချစ်ခင်လေးစားအပ်ပါသော မိဘပြည်သူညီအစ်ကိုမောင်နှမများခင်ဗျား- Sky Net ရုပ်သံလိုင်းအစီအစဉ်မှ ထုတ်လွှင့်ပြသနေသော Up to date Channel, Buddha Channel, Myanmar International Channel တို့ကို အင်တာနက်မှအချိန်နှင့်တစ်ပြေးညီဖမ်းယူကြည့်ရှုနိုင်စေရန် iphone,ipad အသုံးပြုသူများအတွက် Download TVU Player from "Apple Store" or from http://itunes.apple.com/us/app/tvulite/id298423761?mt=8 မှ download ဆွဲ၍လည်းကောင်း၊ Computer ဖြင့်အသုံးပြုသူများအတွက် http://www.tvunetworks.com/downloads/player.html# မှ Download ဆွဲ၍သော်လည်းကောင်း TVU Player ဖြင့်ဖမ်းယူကြည့်ရှုနိုင်ပါသည်။ ဖမ်းယူကြည့်ရှုရာတွင် Up to date channel အားကြည့်ရှုလိုပါက Search channels တွင် 99221 ကိုလည်းကောင်း၊ Buddha Channel အား ကြည့်ရှုလိုပါက Search channels တွင် 100132 ကိုလည်းကောင်း၊ Myanmar International Channel အား ကြည့်ရှုလိုပါက Search channels တွင် 100134 ကိုလည်းကောင်း ထည့်သွင်း၍ ဖမ်းယူကြည့်ရှုနိုင်ပါသည်။

 
Twitter Facebook Dribbble Tumblr Last FM Flickr Behance